Indrew

Posts Tagged ‘အဘိဓမ္မာ’

ပဉ္စကဥဒ္ဒေသ-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

In ပါဠိတော် on March 7, 2009 at 5:15 am

၂၀၀၉.၀၃.၀၃

ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း-

၁…

အချို့သော ပုဂ္ဂိုလ်သည် အာပတ်လည်း သင့်၏၊ နှလုံးမသာယာခြင်းလည်း ဖြစ်၏၊ အကြင်အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာမသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

၂…

အချို့သောပုဂ္ဂိုလ်သည် အာပတ်သင့်၏၊ နှလုံးမသာယာခြင်းကား မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန် သော ထို အကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ် ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

၃…

အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကား မသင့်၊ နှလုံးမသာယာခြင်း သဘောကား ဖြစ်၏၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

၎…

အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေ သာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထို အရဟတ္တဖိုလ်ကိုလည်း မသိ၊ ထိုပုဂ္ဂိုလ်သည်ရှိ၏။

၅…

အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန် သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက် သော ထိုအရဟတ္တဖိုလ်ကိုလည်း ဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

၅ – ပဉ္စကဥဒ္ဒေသ-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

(ဆရာတော် ဦးလောကနာထ ပေးပို့တော်မူသည်ကို ပြန်လည် ဖော်ပြပါသည်။)

ဆန္ဒနှင့်လောဘ

In အဆုံးအဖြတ်များ/၀ိနိစ္ဆယများ on January 23, 2009 at 9:53 am

buddha-sasana-5441

အဘိဓမ္မာကိုဘုရားဟောမဟော ၂( လူသေလူဖြစ် ၀ါဒါနုဝါဒါ ၀ိနိစ္ဆယ စာ၆၆၀မှ ၆၇၁)

In လူသေလူဖြစ် ၀ါဒါနုဝါဒါ ၀ိနိစ္ဆယ on January 14, 2009 at 8:55 pm

ဒဿန ခရီးစဉ်ဘလော့တွင် ဖော်ပြထားသည်ကို နှစ်သက်သဖြင့် ဆရာတော်၏ ခွင့်ပြုချက်နှင့် ထပ်မံ ကူးယူတင်ပြပါသည်။







Follow

Get every new post delivered to your Inbox.